ဇွန်လ ၂၀ ရက်နေ့ နံနက်ခင်းသတင်းအစီအစဉ်
■ မြန်မာနိုင်ငံကို လက်နက်ကုန်သွယ်မှု ပိတ်ပင်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အလျင်စလိုလုပ်ရပ်ဟု အိန္ဒိယပြော
■ မြန်မာ့အရေးတွင် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းချက်များကို နိုင်ငံတကာက အားပေးသင့်ပြီး ပိတ်ဆို့မှုနှင့် ဝင်ရောက်စွက်ဖက်မှုများကို ရှောင်ရှားသင့်ဟု တရုတ်တိုက်တွန်း
■ ဒယ်လ်တာကိုရိုနာ ဗိုင်းရပ်စ်မျိုးကွဲသည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးလာနေပြီဟု WHO တာဝန်ရှိသူ သတိပေး
■ မြောက်ကိုရီးယား အာဏာရပါတီ၏ စည်းမျဉ်းများကို ကင်ဂျုံအန် တင်းကျပ်ခဲ့ပြီး ပေါ်လစ်ဗျူရို အဖွဲ့ဝင်သစ်များကိုလည်း ရွေးချယ်
■ အီရန်သမ္မတအဖြစ် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ အီဘရာဟင်ရာအီစီ ရွေးကောက်ခံရ
■ ဟောင်ကောင် Apple Daily သတင်းစာ အယ်ဒီတာချုပ်နှင့် စီအီးအိုတို့၏ အာမခံလျှောက်ထားမှု ပယ်ချခံရ
■ ဝိုင်ပိ့ုကုန်များကို တရုတ်ကအခွန်များစွာ ချမှတ်ထားမှု သြစတြေးလျက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံတိုင်