အမေရိကန်၏ ကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် လွန်ခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော် ကျူဘား ဆုံးရှုံးခဲ့

အမေရိကန်၏ ကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် လွန်ခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော် ကျူဘား ဆုံးရှုံးခဲ့
Published 23 June 2021

ဒေါ်နယ်ထရန့်လက်ထက်မှာ အမေရိကန်ကုန်သွယ်ရေးပိတ်ဆို့မှုကို ပြန်လည်တင်းကျပ်ခဲ့မှုကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က ကျူဘားဟာ စံချိန်တင်အဖြစ် အမေရိကန် ဒေါ်လာ ၉ ဒသမ ၁၅၇ ဘီလီယံ ထိခိုက်ဆုံးရှုံးခဲ့ရပြီး နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နိုင်စွမ်းကိုပါ ထိခိုက်စေခဲ့တယ်လို့ ဇွန်လ ၂၁ ရက်နေ့မှာ ကျူဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွက်ဇ်က ပြောကြားခဲ့ပါတယ်။