G 20 အစည်းအဝေးတွင် အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ရန် အစီအစဉ်မရှိ
အီတလီမှာ နောက်တစ်ပတ်ပြုလုပ်မယ့် G 20 အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ တွေ့ဖို့အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဇွန်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။