တောင်ဒဂုံမြို့နယ် ၅၇ ရပ်ကွက်မှ NLD ပါတီဝင် အမျိုးသားတစ်ဦး၊ သာကေတမြို့နယ် ၇ ဈေးရှိ သန့်စင်ခန်းမှ အမျိုးသမီးတစ်ဦးတို့သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား

တောင်ဒဂုံမြို့နယ် ၅၇ ရပ်ကွက်မှ NLD ပါတီဝင် အမျိုးသားတစ်ဦး၊ သာကေတမြို့နယ် ၇ ဈေးရှိ သန့်စင်ခန်းမှ အမျိုးသမီးတစ်ဦးတို့သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား
Published 6 July 2021

တောင်ဒဂုံမြို့နယ် ၅၇ ရပ်ကွက် ဇေယျာမြိုင်လမ်းရှိ နေအိမ်၌ NLD ပါတီမှ ရပ်ကျေးအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးခင်ကျော်ဟာဇူလိုင် ၅ ရက် ည ၉ နာရီခန့်တွင် သေနက်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အဆိုပါနေရာအနီး နေထိုင်သူတွေထံမှ သိရပါတယ်။ ဦးခင်ကျော်ရဲ့ ဇနီးဖြစ်သူလည်း ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။