မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာအတွက် အာဆီယံအကြား သဘောတူညီမှု မရသေးဘဲ လက်ရှိတွင် အဆိုပြုခံထားရသူ သုံးဦး ရှိနေ
ငါးလကျော် ကြာမြင့်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံ့ရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ အထူးကိုယ်စားလှယ် ခန့်အပ်ရေးကို အာဆီယံကြား လက်ရှိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ အာဆီယံအဖွဲ့အကြား ညီညွတ်မှုမရှိခြင်းက အဓိက အဟန့်အတား ဖြစ်နေပုံရကြောင်း ဂျပန်သတင်းဌာန Kyodo News က ဖော်ပြခဲ့ပါတယ်။