အာဆီယံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းမည့် ဘုံသဘောတူညီချက်ကို မြန်ဆန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေဟု စင်ကာပူ ပြောကြား
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံ ခေါင်းဆောင်တွေအကြား ရရှိခဲ့တဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို မြန်ဆန်ချောမွေ့စွာ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်နေတယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။