ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သဖြင့် စိုက်ပျိုးစရိတ် ထပ်မံ မရရှိသည့်အတွက် ပဲခူးမြို့နယ်အတွင်းရှိ လယ်သမားများ အခက်ကြုံနေ
ပဲခူးမြို့နယ်အတွင်းရှိ လယ်သမားအများစုမှာ ယခင်နှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသေးတာကြောင့် မိုးစပါးစိုက်ပျိုးစရိတ် ထပ်မံ မရရှိတဲ့အတွက် မိုးစပါးစိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိတယ်လို့ သိရပါတယ်။