မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ်တို့ ဖုန်းဆက်သွယ် ဆွေးနွေး
ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ဖို့ ဂျိုးဘိုင်ဒင်အစိုးရက ကြိုးပမ်းနေမှုတွေကို မြောက်ကိုရီးယားဘက်က အကြိမ်ကြိမ် ငြင်းပယ်လာခဲ့ပြီးနောက် ဇူလိုင် ၆ ရက်မှာ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ ၎င်းနဲ့ အဆင့်တူ တရုတ်အရာရှိတို့ ဖုန်းနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။