သမ္မတ လုပ်ကြံခံရပြီးနောက် နိုင်ငံ၏ လုံခြုံရေးအတွက် အမေရိကန်နှင့် ကုလသမဂ္ဂထံ ဟေတီအစိုးရ အကူအညီတောင်းခံ
နိုင်ငံထဲက လေဆိပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ နေရာတွေရဲ့ လုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ ဟေတီအစိုးရက ကုလသမဂ္ဂနဲ့ အမေရိကန် နိုင်ငံကို အကူအညီ တောင်းခံထားတယ်လို့သိရပါတယ်။