အင်ဒိုနီးရှားတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ထိုးပေးမည်
အင်ဒိုနီးရှားမှာကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့ကြားက ကျန်းမာရေးဝန်ထမ်းအချို့ သေဆုံး ထားတဲ့ အတွက် ကျန်းမာရေးနယ်ပယ်ကဝန်ထမ်းတွေကို တတိယအကြိမ်အဖြစ် အမေရိကန်ထုတ် မိုဒါးနား ကာကွယ်ဆေးတွေ ထိုးပေးဖို့ အစိုးရကဆုံးဖြတ်လိုက်ပါတယ်။