NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား ပုဒ်မ ၁၂၄(က)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ
လူမှုကွန်ရက်မှာ ပါဝင်ခဲ့တဲ့ ပြောကြားချက်တွေဟာ ဥပဒေအရတည်ထောင်ထားတဲ့အစိုးရကို မုန်းထားအောင်၊ မလေး စားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင်ပြုခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စွဲချက်တင်ကြောင်း တရားရုံးကနေအမိန့်ချခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။