စီးပွားရေးလုပ်ရာတွင် နိုင်ငံရေးရည်ရွယ်ချက် မပါသောကြောင့် မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဂျပန် ကူဘိုတာကုမ္ပဏီဥက္ကဋ္ဌ ပြောကြား
ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းများ လုပ်ငန်းဆက်မလုပ်ကြတော့ဘဲ ထွက်ခွာသွားခဲ့ပေမဲ့လည်း ဂျပန် စက်ယန္တရားပစ္စည်းများ ထုတ်လုပ်တဲ့ကုမ္ပဏီ ကူဘိုတာကမူ မြန်မာမှာ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။