COVID-19 ကုသရာတွင် အသုံးပြုရန် Remdesivir ကုသဆေး အလုံးပေါင်း သုံးသောင်း အိန္ဒိယနိုင်ငံမှ နေပြည်တော်လေဆိပ်သို့ ရောက်ရှိ
COVID-19 ရောဂါ အရေးပေါ်ကုသရာမှာ အသုံးပြုဖို့အတွက် Remdesivir ကုသဆေး အလုံးပေါင်း သုံးသောင်း အိန္ဒိယနိုင်ငံမှ နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့တယ်လို့ ဇူလိုင် ၂၀ ရက် ညပိုင်း နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းအစီအစဉ်မှာ သတင်းကြေညာချက်အရ သိရပါတယ်။