မြန်မာနိုင်ငံနှင့် ပတ်သက်သည့် တရုတ်၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ရမည်ဟု အိန္ဒိယစစ်တပ် အကြီးအကဲ ပြောကြား
နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ မြန်မာနိုင်ငံမှာ တရုတ်က လွှမ်းမိုးနေရာယူဖို့ ထပ်မံ လုပ်ဆောင်နေချိန်မှာ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အိန္ဒိယ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။