COVID-19 ကုသရာတွင် အသုံးစရိတ် ကျခံသုံးစွဲရန် ခိုင်လုံစွာ တင်ပြလာပါက ဘဏ်များမှ ငွေထုတ်ယူခြင်းကို ကန့်သတ်ပမာဏထက် ကျော်လွန်၍ ငွေထုတ်ပေးရန် ဘဏ်များသို့ ဗဟိုဘဏ်ညွှန်ကြား
COVID-19 ရောဂါကုသရာမှာ အသုံးစရိတ်များ ကျခံသုံးစွဲရန် ခိုင်လုံတဲ့ အထောက်အထားများဖြင့် တင်ပြလာပါက ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို ကန့်သတ်ပမာဏထက် ကျော်လွန်ပြီး မိမိဘဏ်ရဲ့ မူဝါဒအတိုင်း ငွေသား လက်ကျန်အပေါ်မူတည်ပြီး ငွေထုတ်ပေးရန် ဘဏ်တွေကို ဗဟိုဘဏ်က ညွှန်ကြားချက် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။