ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရန်အတွက် စီမံချက်ချမှတ်ပြီး ဆောင်ရွက်ရန်အဆို ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်
ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းဖို့အတွက် ဌာနဆိုင်ရာတွေ ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စီမံချက်ချမှတ်ကာ ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးသန်းအောင်စိုးက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။