ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသရေကြီးမှုကြောင့် လူသုံးသိန်းကျော်သောင်တင်၍ ၂၀ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းရွာတွေမှာ မုတ်သုံမိုးကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပွားခဲ့ရာ လူသုံးသိန်း ကျော် သောင်တင်နေပြီး ဘင်္ဂါလီဒုက္ခသည် ခြောက်ဦးအပါအဝင် အနည်းဆုံးလူ ၂၀ ဦး သေဆုံးထားတယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၃၀ ရက်မှာပြောပါတယ်။