ကိုဗစ်ကပ်ရောဂါဘေး၊ နိုင်ငံရေးလက်နက်ဘေးနှင့် စားဝတ်နေရေးအကျပ်အတည်းအကြားကမြန်မာပြည်သူတို့ဘ၀
၂၀၂၀ခုနှစ်မတ်လ၂၃ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုကနေစတင်လိုက်တဲ့ မြန်မာ့ကိုဗစ်အကျပ်အတည်းဟာ လက်ရှိတတိယလှိုင်းမှာတော့ အဆိုးရွားဆုံးအခြေအနေကိုရောက်ရှိခဲ့ပါပြီ။ ထို့အတူ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့နောက်ပိုင်း နိုင်ငံရေးအာဏာအပြောင်းအလဲဖြစ်ခဲ့တာနဲ့ ပါတ်သက်ပြီး နေရာတချို့မှာဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကလည်း ယနေ့ဇူလိုင်လကုန်ပိုင်းအထိ ရှိနေတုန်းပါပဲ။ ပြည်သူတွေမှာတော့ ကိုဗစ်ကပ်ရောဂါဘေးကြောင့် အလုပ်အကိုင်နဲ့စီးပွားရေးလုပ်ငန်းတွေ ဆိုးဆိုးရွားရွားပျက်စီးယိုယွင်းခဲ့ပြီး နိုင်ငံရေးအာဏာအပြောင်းအလဲအကြား ကူရာကယ်ရာမဲ့တဲ့အခြေအနေကိုလည်း ပြည်သူအများစုမှာ ရင်ဆိုင်နေကြရပါတယ်။