အိုမန် ကမ်းလွန်တွင် တိုက်ခိုက်ခံခဲ့ရသည့် အစ္စရေးက စီမံခန့်ခွဲနေသော သင်္ဘောကို အကူအညီပေးနေဟု အမေရိကန်စစ်တပ် ပြောကြား
ဇူလိုင် ၂၉ ရက်နေ့က အိုမန်ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ အစ္စရေး ကုမ္ပဏီက စီမံခန့်ခွဲနေတဲ့ ရေနံထွက်ကုန်ပစ္စည်း တင်သင်္ဘောကို အကူအညီပေးနေကြောင်းနဲ့ အဲဒီသင်္ဘောဟာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။