တရုတ်နိုင်ငံတွင် ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် လူပေါင်းသန်းနှင့် ချီကို လော့ဒေါင်းချ
ဝူဟန်ကူးစက်မှုဖြစ်ပြီးနောက်ပိုင်း အပြင်းထန်ဆုံးကူးစက်ပျံ့နှံ့မှုနဲ့ တကျော့ပြန်ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံမှာ ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို ထိန်းချုပ်ဖို့ သြဂုတ် ၂ ရက်ကစပြီး ပြည်သူသန်းနဲ့ ချီကို လော့ဒေါင်းချမှတ်ခဲ့ပါတယ်။