ဂျပန်တွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေသဖြင့် ရောဂါပြင်းထန်သည့် လူနာများသာ ဆေးရုံတက်ကုသရန် အာဏာပိုင်များ ကန့်သတ်
အိုလံပစ်ပြိုင်ပွဲကြီးကို လက်ခံကျင်းပနေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ အခြားနေရာ ဒေသတွေမှာ ကိုဗစ် ကူးစက်မှု တွေ မြင့်တက်နေတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဝန်ပိလာနိုင်တဲ့အတွက် ရောဂါပြင်းထန်တဲ့ လူနာတွေကိုသာ ဆေးရုံတက်ရောက် ကုသခွင့်ပြုမယ့် မူဝါဒ အပြောင်းအလဲတစ်ရပ် ပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။