အမြန်လမ်းတွင် ပရိဘောဂပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တိမ်းမှောက်ရာမှ ယာဉ်မောင်းဖြစ်သူ သေဆုံး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၀ မိုင် အနီးမှာ ဒီကနေ့နံနက်အစောပိုင်းက ကျွန်းနဲ့ လုပ်ထားတဲ့ ပရိဘောဂ ပစ္စည်းတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ် တိမ်းမှောက်ရာမှ ယာဉ်မောင်းဖြစ်သူသေဆုံးပြီး အတူလိုက်ပါသူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ သိရပါတယ်။