9/11 တိုက်ခိုက်မှုအောက်မေ့ဖွယ်အခမ်းအနားများကို ဂျိုးဘိုင်ဒင်မတက်ရန် ကျန်ရစ်သူမိသားစုများ တောင်းဆို
၂၀၀၁ ခုနှစ် ၊ စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်မှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်အချက်အလက်တွေကို တရားဝင်မထုတ်ဖော်ဘူးဆိုရင် တိုက်ခိုက်မှုအတွက် အောက်မေ့ဖွယ်အခမ်းအနားတွေကိုလည်း သမ္မတဂျိုးဘိုင်ဒင်မတက်ဖို့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ကျန်ရစ်သူမိသားစုများက တောင်းဆိုထားပါတယ်။