COVID-19 ကြောင့် စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးအတွက် လူမှုဖူလုံရေးကြေးများ ပေးသွင်းခြင်းကို ခြောက်လ နောက်ကျပေးသွင်းနိုင်ကြောင်း ထုတ်ပြန်
COVID-19 ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ဆက်လက် လည်ပတ်နိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့သို့ ထည့်ဝင်ကြေးများ ပေးသွင်းရာတွင် ခြောက်လ နောက်ဆုတ်ပေးသွင်းခွင့်နှင့် ယင်းကာလအတွက် ပျက်ကွက်ကြေး ကင်းလွတ်ခွင့်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ကြောင်း သြဂုတ် ၁၀ ရက်ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။