ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းဖြစ်စဉ်တွင် နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး သုံးဦးကို ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၄၄) လမ်းမှာ သြဂုတ် ၁၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ငါးဦး သေဆုံးတယ်လို့ သတင်းတွေပျံ့နှံ့နေပေမဲ့ ဖြစ်စဉ်အတွင်း နှစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီးသုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။