သြဂုတ် ၁၂ ရက် ညပိုင်းသတင်းအစီအစဉ်
■ အင်းစိန် အကျဉ်းထောင်ရှိ သီးသန့်ထောင်အနီး အောက်မင်္ဂလာဒုံလမ်းပေါ်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား
■ မိုးကြီးမှုကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ မဂါးယန်စစ်ရှောင်စခန်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၀ ခန့်ပျက်စီးကာ အမျိုးသမီးတစ်ဆုံးသေဆုံး
■ COVID-19 ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက အသက် ၆၀ အထက်၊ ၅၅ နှစ်အထက် အသက်အပိုင်းအခြားလျှော့ပြီး ထိုးနှံပေးမည်
■ သမ္မတအဖြစ်ဂါနီ ဆက်လက်ရှိနေမည်ဆိုပါက တာလီဘန်က အာဖဂန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြောကြား
■ ၂၀၁၉ ခုနှစ် အီစတာပွဲတော်နေ့ ဗုံးခွဲတိုက်ခိုက်မှုများနှင့် ဆက်နွှယ်နေသူ ၂၅ ဦးကို သီရိလင်္ကာ အာဏာပိုင်များ စွဲချက်တင်
■ TikTok က ၂၀၂၀ အတွက် download အဆွဲခံရဆုံး အက်ပလီကေးရှင်းဖြစ်လာ
■ မက်ဆီနှင့်လမ်းခွဲခဲ့သည့် ဘာစီလိုနာအသင်း၏ ဈေးကွက်တန်ဖိုး ကျဆင်းခဲ့ပြီး ဝင်ငွေများစွာ ဆုံးရှုံးဖွယ်ရှိ