တရုတ်က မြန်မာနိုင်ငံဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဒေါ်လာခြောက်သန်းကျော် လွှဲပြောင်းပေးမည်ဟု ထုတ်ပြန်မှုသည် တရုတ်နှင့် မြန်မာပူးပေါင်းဆောင်ရွက်မှုမြင့်တက်လာခြင်းကို အချက်ပြနေဟု The Economic Times သတင်းစာ ဖော်ပြ
တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကိုအဆက်အဆံမလုပ် ပေမယ့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် လွှဲပြောင်းပေး မယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ တရုတ်နဲ့မြန်မာတို့ ပူးပေါင်းဆောင်ရွက်မှုမြင့်တက်လာတာကို အချက်ပြ နေတာဖြစ်တယ်လို့ The Economic Times သတင်းစာက ဖော်ပြခဲ့ပါတယ်။