တရားမဝင်ထီလုပ်ငန်းနှင့်ပတ်သက်၍ ဗဟိုဘဏ်အနေဖြင့် ငွေပေးချေမှုနှင့်ဆက်စပ်သည့် ဘဏ်စာရင်းများကို ပိတ်သိမ်းခြင်း၊ ဘဏ်စာရင်းထဲရှိငွေများကို ထိန်းချုပ်ခြင်းများဆောင်ရွက်နိုင်ဟု ပြောကြား
တရားမဝင်ထီလုပ်ငန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေပေးချေမှုနဲ့ဆက်စပ်တဲ့ ဘဏ်စာရင်းတွေကို ပိတ်သိမ်းတာ၊ ဘဏ်စာရင်းထဲရှိငွေတွေကို ထိန်းချုပ်တာတွေ ဆောင်ရွက်နိုင်ခြေရှိတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ပြောပါတယ်။