ရုံးပိတ်ရက်တွင် ဘဏ်များပါဝင်သော်လည်း ATM များကို နေ့စဉ်ပုံမှန်ဖြည့်တင်းရန်အပါအဝင် ဘဏ်ဝန်ဆောင်မှုများပေးရန် ဗဟိုဘဏ် ညွှန်ကြား
သြဂုတ် ၁၆ ရက်ကနေ ၂၂ ရက်အထိ အများပြည်သူရုံးပိတ်ရက်သတ်မှတ်ခဲ့ရာမှာ ဘဏ်တွေပါဝင်ပေမယ့် ကျန်းမာရေး အသုံးစရိတ်၊ နေ့စဉ်စားဝတ်နေရေးအတွက် ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုကိစ္စရပ်တွေကို ဆောင်ရွက်ဖို့လိုအပ်တာကြောင့် ဘဏ်တွေ စီမံဆောင်ရွက်သွားဖို့အချက်တွေကို ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။