COVID-19 လူနာသစ် ၂၅၀၆ ဦး တွေ့ရှိပြီး ၁၂၃ ဦး ထပ်မံသေဆုံးခဲ့ကာ မြို့နယ် ငါးခု အား Stay at Home ကြေညာ
သြဂုတ် ၂၃ ရက် ည ၈ နာရီမှ သြဂုတ် ၂၄ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၉၄၀ ခုအား စစ်ဆေးရာတွင် ဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၅၀၆ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂၃ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၂၁ ရက် ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။