လသားအရွယ်ကလေးငယ်အပါအဝင် မိသားစုသုံးဦး စီးနင်းလာသော ဆိုင်ကယ်နှင့် ကုန်တင်ယာဉ် တိုက်မိမှုဖြစ်ပွား

လသားအရွယ်ကလေးငယ်အပါအဝင် မိသားစုသုံးဦး စီးနင်းလာသော ဆိုင်ကယ်နှင့် ကုန်တင်ယာဉ် တိုက်မိမှုဖြစ်ပွား
Published 26 August 2021

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့၊ပန်းကုန်းကျေးရွာမှာ သြဂုတ် ၂၆ ရက်မနက် ၉ နာရီကျော်က မိသားစု သုံးဦး စီးနှင်းလာတဲ့ ဆိုင်ကယ်နဲ့ ကုန်တင်ကားတို့တိုက်မိပြီး လသားအရွယ်ကလေးငယ်ကလွဲပြီး မိဘနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။