မူးယစ်တရားခံအား ခေါင်းကိုအိတ်စွပ်အသတ်ခံရမှုမှ အဓိကတာဝန်ရှိသူ ထိုင်းရဲမှူး လာရောက်အဖမ်းခံ
မူးယစ်ဆေးမှုနဲ့ဖမ်းဆီးထားသူတစ်ဦးကို နှိပ်စက်သတ်ခဲ့တဲ့မှုမှာ တာဝန်ရှိတဲ့ ထိုင်းရဲမှူးဟောင်းတစ်ဦးဟာ ထွက်ပြေးရာကနေ သြဂုတ်လ ၂၆ ရက်ညနေပိုင်းက ချုံဘူရီပြည်နယ်မှာအဖမ်းခံခဲ့ပါတယ်။