အမေရိကန်စစ်သားများကို ကဘူးလ်လေဆိပ်မှ စတင်ရုပ်သိမ်းနေပြီဟု ပင်တဂွန် ပြောကြား
အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရသစ်လက်ထက်မှာ လက်တုံ့ပြန်ခံရမယ့်အန္တရာယ်ရှိနေတဲ့ ၎င်းတို့ရဲ့ နိုင်ငံသားတွေ နဲ့အာဖဂန်နိုင်ငံသားတွေကို ဝါရှင်တန်နဲ့ မဟာမိတ်တွေက လေယာဉ်နဲ့ကယ်ထုတ်ဖို့ သီတင်းနှစ်ပတ်ကြာ အပြေးအလွှားကြိုးစား ခဲ့ပြီးနောက် အမေရိကန်စစ်သားတွေကို ကဘူးလ်လေဆိပ်ကနေ စတင်ရုပ်သိမ်းနေပြီလို့ သြဂုတ် ၂၉ ရက်မှာ ပင်တဂွန်က ထုတ် ဖော်ပြောကြားခဲ့ပါတယ်။