လှိုင်သာယာမြို့နယ်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံး၊ ဖြစ်စဉ်အား စစ်ဆေးနေစဉ် ဗုံးထပ်ပေါက်မှု ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် အပစ်ခံခဲ့ရပြီး နောက် ဖြစ်စဉ်ကို စစ်ဆေးနေစဉ် ဗုံးနှစ်လုံး ထပ်ပေါက်ခဲ့ကြောင်း လှိုင်သာယာမြို့နယ်ရှိ ပုညပါရမီ လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရပါတယ်။