ကိုဗစ်ကပ်ဘေးကာလ စီးပွားရေးကုစားမှုအစီအစဉ် အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း
ဂျပန်နိုင်ငံမှာ Covid-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ယန်းထရီလီယံဆယ်ချီတဲ့ စီးပွားရေးကုစားမှု အစီအစဉ်ကို လိုအပ်နေတယ်လို့ အာဏာရပါတီခေါင်းဆောင်ရာထူးအတွက် ဝန်ကြီးချုပ် ယိုရှိဟိဒဲဆူဂါနဲ့ ယှဉ်ပြိုင်မယ့် နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဖုမိအိုခိရှိဒါက စက်တင်ဘာ ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။