ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၄၈ ဦး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်
လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၄၈ ဦး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်ခရိုင် တာချီလိတ်မြို့၊မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းကို စက်တင်ဘာ ၁ ရက်နေ့ နံနက် ၁၁ ခန့်က လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက ရွှေ့ပြောင်းလုပ်သား ၅၄၈ ဦး ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။