ကျောက်မဲမြို့နယ် KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရ

ကျောက်မဲမြို့နယ် KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရ
Published 4 September 2021

ကျောက်မဲမြို့နယ် KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရပြီး သိန်း တစ်ထောင်ခန့် ယူဆောင်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ အမှတ် ၂ ရပ်ကွက် သိရိမင်္ဂလာလမ်း ဗဟိုဈေး တောင်ဘက်ရှိ ကမ္ဘောဇဘဏ်ခွဲ စက်တင်ဘာလ ၃ ရက် နေ့လည် ၂ နာရီအချိန်ခန့်က ဓားပြတိုက်ခံရပြီးသိန်းတစ်ထောင်နီးပါး ယူဆောင်သွားတယ်လို့ သိရပါတယ်။