အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်းတွင် အလုပ်သမား အခွင့်အရေးများအား ပိုမိုချုပ်နှောင်မှု ရှိနေသည်ဟုဆိုကာ သုံးပွင့်ဆိုင်ယန္တရားမှ CTUM နှင့် MICS တို့ ယာယီနှုတ်ထွက်
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ အလုပ်သမားအခွင့်အရေးတွေကို ပိုမိုချုပ်နှောင်မှု ရှိနေတယ်လို့ဆိုကာ အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင်ယန္တရားမှာ ပါဝင်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)နဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) တို့ ယာယီနှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။