သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ရုံးချိန်းများ ထပ်မံရွှေ့ဆိုင်းခဲ့ပြီး လူချင်းတွေ့ဆုံခွင့်ရရှိရန် တင်ပြထားမှု မထူးခြားသေးဟု ရှေ့နေအဖွဲ့ ပြောကြား
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုရုံးချိန်းတွေကို စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေဆီ ထပ်မံပြောင်းလဲချိန်းဆိုခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားပါတယ်။