အင်ဒိုနီးရှားရှိ အကျဉ်းထောင်တစ်ခုအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၄၁ ဦး သေဆုံး
အင်ဒိုနီးရှားနိုင်ငံ ဘန်တန် ပြည်နယ်ရှိ လူပြည့်ကျပ်နေတဲ့ အကျဉ်းထောင် အဆောက်အအုံ တစ်ခုမှာ မီးလောင်ကျွမ်းမှုကြီး ဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသား ၄၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။