မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းအား အကြမ်းဖက်ခြင်းဖြင့် ဖြေရှင်းမှုကို လက်မခံဟု အမေရိကန် ပြောကြား
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို အကြမ်းဖက်ခြင်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုကို လက်မခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး ဆေးဝါးနှင့် အထောက်အပံ့များ ပေးပို့ခွင့်ရနိုင်ရေးအတွက် ငြိမ်းချမ်းမှုကို ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့ပါတယ်။