မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသုံးသန်းတန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီများ တောင်ကိုရီးယားပေးမည်
မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိ လူသားချင်း စာနာမှုအကူအညီများ တောင်ကိုရီးယား ပေးအပ်မည်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်မှုတွေမှာ အထောက်အပံ့ဖြစ်အောင် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်သွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ကြောင်း ယွန်ဟပ်သတင်းဌာနက ဆိုပါတယ်။