နိုင်ငံကနေထွက်ပြေးပြီး ယူအေအီးမှာသွားရောက်ခိုလှုံနေတဲ့ အာဖဂန်နစ္စတန်သမ္မတဟောင်း အက်ရှ်ရက်ဖ်ဂါနီက မြို့တော်ကဘူးလ်ကိုစွန့်ခွာခဲ့တာဟာ သူ့ဘဝအတွက်တော့ အခက်ခဲဆုံးဆုံးဖြတ်ချက်ဖြစ်ပြီး ရှေ့လူတွေနည်းတူသူ့လက်ထက်မှာလည်း အဆုံးသတ်တူခဲ့တဲ့အတွက် လူထုကိုတောင်းပန်ပါတယ်လို့ ပြောဆိုထားပါတယ်။