ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး ၅၀၅(ခ)နှင့် စွဲဆိုထားသည့်အမှုအတွက် လျှောက်လဲချက်ပေးခဲ့၊ လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့် ချမှတ်မည်
သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုး အောင်တို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ စွဲဆိုထားတဲ့အမှုအတွက် လျှောက်လဲချက်ကြားနာမှုပြုလုပ်ခဲ့ပြီး စွဲချက်အမိန့်ကို လာမယ့်ရုံးချိန်းမှာ ချမှတ်မှာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။