နိုင်ငံခြားငွေ ရောင်း၊ ဝယ်ဈေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် ငွေလဲကောင်တာများတွင် တစ်ဒေါ်လာကျပ် ၁၉၅၀ ဝန်းကျင် ရောင်းချနေ
နိုင်ငံခြားငွေ ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် စက်တင်ဘာ ၁၄ ရက်က နိုင်ငံခြားငွေလဲ ကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၁၉၅၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း နိုင်ငံခြားငွေလဲကောင်တာများမှာ ကြေညာထားချက်အရ သိရသည်။