မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ်ကို အမြန်ဆုံးစေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် တိုက်တွန်း
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံး စေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် 'ကက်သရင်းတိုင်' က အာဆီယံအဖွဲ့ကြီးကို တိုက်တွန်းလိုက်ပါတယ်။