အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအုပ်စုက ဂီနီနှင့်မာလီတို့မှ အာဏာသိမ်းစစ်အစိုးရများကို ဒဏ်ခတ်အရေးယူမှုများ ချမှတ်
အနောက်အာဖရိကရဲ့အရေးပါတဲ့ဒေသဆိုင်ရာအုပ်စု အက်ကိုဝက်စ် (ECOWAS) ဟာ ဂီနီစစ်အစိုးရကို လည်းကောင်း၊ မာလီရဲ့အာဏာသိမ်းမှုအလွန်ကာလ အသွင်ကူးပြောင်းမှု နှေးကွေးနေတဲ့စစ်အစိုးရကိုလည်းကောင်း စက်တင်ဘာ ၁၆ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသီးသီးချမှတ်လိုက်တာကြောင့် ဒါဟာ အာဏာသိမ်းမှုတွေဆက်တိုက်ဖြစ်ပွားမှုအပေါ် အက်ကိုဝက်စ်ရဲ့ အပြင်းထန်ဆုံးအရေးယူမှုဖြစ်လာခဲ့ပါတယ်။