အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့၏ အရေးယူပိတ်ဆို့မှုများကို ဂရုမစိုက်ဟု ဂီနီစစ်ခေါင်းဆောင်ပြော
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့၏ အရေးယူပိတ်ဆို့မှုများကို ဂရုမစိုက်ဟု ဂီနီအာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတဲ့ အစိုးရအဖွဲ့ထံ အာဏာမြန်မြန်လွဲှပေးဖို့ ဖိအားပေးတဲ့အနေနဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေကို မစိုးရိမ်ဘူးလို့ ဂီနီအာဏာသိမ်း ခေါင်းဆောင်က အဲဒီအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို ပြောခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်မှာ ဂီနီစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။