မြောင်းမြမြို့ တစ်ဖက်ကမ်းရှိ တံတားချဉ်းကပ်လမ်းကို မြေဖို့လုပ်ငန်းတွေဆောင်ရွက်နေပြီး ယခုလအတွင်း ပြီးစီးနိုင်မှာဖြစ်ကြောင်း၊ ပင်မတံတားအောက်ကြမ်းခင်းတွေကို ခင်းကျင်းခြင်းလုပ်ငန်းမှာလည်း ပြီးစီးနေပြီဖြစ်ပြီး ချဉ်းကပ်လမ်းများပြီးစီးပါကတံတားပေါ်တွင် AC လမ်းခင်းခြင်းကိုဆောင်ရွက်သွား မှာဖြစ်တယ်လို့ သိရပါတယ်။