ဖိလစ်ပိုင် မူးယစ်စစ်ပွဲအတွင်း တရားလွန်ပြုမူ ဆောင်ရွက်သည့် မည်သူမဆို တာဝန်ခံရမည်ဟု သမ္မတ ဒူတာတေး ပြောကြား
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက မူးယစ်စစ်ပွဲအတွင်း တရားဥပဒေထက် ကျော်လွန် လုပ်ဆောင်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိတဲ့ မည်သူမဆို နိုင်ငံအတွင်း ပြဋ္ဌာန်းထားတဲ့ ဥပဒေအောက်မှာ တာဝန်ခံရမယ်လို့ စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပြီး ၎င်းရဲ့ မူးယစ်စစ်ပွဲကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ စုံစမ်းစစ်ဆေးမှုကို ငြင်းပယ်တဲ့ လက္ခဏာကို ပြသခဲ့ပါတယ်။